ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၄င်းကုမ္ပဏီပိုင် အခန်းများကန့်၍ အခန်းငှားရမ်းခြင်း နှစ်စဉ် ဆောင်ရွက်ရာ ငှားရမ်းသူများထံမှ စပေါ်ငွေရယူပြီး (၁) နှစ်အခန်းငှား စာချုပ်ချုပ်ဆိုခြင်း အပေါ် တံဆိပ်ခေါင်းခွန်မည်သို့ထမ်းဆောင်ရမည်ကို သိလို၍မေးမြန်းခြင်းဖြစ်ပါသည်။
Answer
မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေနောက်ဆက်တွဲဇယား(၁) အမှတ်စဉ် (၃၅)(က)(၂) အရ ၁ နှစ် အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် ငှားရမ်းခပေးရမည့် (သို့မဟုတ်) လွှဲအပ်ပေးရမည့် ငွေအားလုံးအတွက် တံဆိပ်ခေါင်းခွန် ၀.၅% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အခန်းငှားရမ်းခ အပြင် စပေါ်ငွေပါရှိပါက စပေါ်ငွေအပေါ် အမှတ်စဉ် ၃၅ (ဂ) အရ တံဆိပ်ခေါင်းခွန် ၂% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၉ (ဂ) အရ ငှားရမ်းရသူ (သို့) ငှားရမ်းမည့်သူက ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန်ကိုထမ်းဆောင်ရမည် ဖြစ်ပါသည်။
Question