မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် M. Development Co.,Ltd တို့ သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း အား အဆင့်မြှင့်တင်မှုများပြုလုပ်ရန် မြေနေရာအငှားစာချုပ်ကို သဘောတူစာချုပ် ချုပ်ဆို သည့်အပေါ်တွင် အင

Answer

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် M.Development Co.,Ltd  တို့ကြား ချုပ်ဆိုသောသဘောတူစာချုပ်တွင်“ဤစာချုပ်သည် BOT စနစ်ဖြင့်လုပ်ငန်းဆောင်ရွက်ရန် အတွက် နှစ်ဦးသဘောတူ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်သည်” ဟု ထည့်သွင်း ချုပ်ဆိုထားသည့်အတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား ၁၊ အမှတ်စဉ် ၅(ဂ) တွင် “ဖက်စပ်သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်းနှင့် အကျိုးအမြတ်ခွဲဝေခြင်းပဋိညာဉ်စာချုပ်၊ ဆောက်လုပ်ရေးသဘောတူစာချုပ် သို့မဟုတ် အလားတူ သဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့်သက်ဆိုင်လျှင်” ဟု ပြဋ္ဌာန်းထားရာ ဇယား ၁၊ အမှတ်စဉ် ၅(ဂ) အရ တံဆိပ်ခေါင်းခွန်ထိုက်သင့်မည်ဖြစ်ပြီး၊ စာချုပ်တွင် မြေငှားရမ်းခြင်းကိုလည်း ထည့်သွင်း ချုပ်ဆိုထားရာ မြေငှားရမ်းခြင်းအတွက် တစ်နှစ်လျှင်မြန်မာကျပ်ငွေ သိန်း (၃၀၀၀) (ကျပ်သိန်းသုံးထောင်တိတိ) ကို ပေးဆောင်ရန်နှင့် ၁၀ နှစ် တစ်ကြိမ် တစ်ဆယ် ရာခိုင်နှုန်း တိုးမြှင့် ပေးသွင်းရမည်ဟုပါရှိသည့်အပြင် ပရီမီယံအဖြစ် ငွေကျပ် သန်းနှစ်ထောင်ကို ပေးသွင်းပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁၊ အမှတ်စဉ် ၃၅ (ဂ) အရ ပရီမီယံအပေါ်တွင် လည်းကောင်း၊ မြေငှားရမ်းခအပေါ်တွင် အမှတ်စဉ် ၃၅၊ အပိုဒ်(က)၊ အပိုဒ်ခွဲ (၃) အရလည်းကောင်း တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် ကွဲပြားခြားနားသော အကြောင်းအရာ (၂) ရပ်ပါဝင်သည့်အတွက် မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေပုဒ်မ ၅ အရ သီးခြားစာချုပ်များအပေါ် ထိုက်သင့် မည့်တံဆိပ်ခေါင်းခွန် စုစုပေါင်းကို ထိုက်သင့်စေရမည်ဖြစ်၍ အဆိုပါစာချုပ်သည် အထက် ဖော်ပြချက်အရ ကန်ထရိုက်စာချုပ်နှင့် မြေအငှားစာချုပ်နှစ်ရပ်ပေါင်းပေါ်တွင် တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

Question

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် M. Development Co.,Ltd တို့ သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း အား အဆင့်မြှင့်တင်မှုများပြုလုပ်ရန် မြေနေရာအငှားစာချုပ်ကို သဘောတူစာချုပ် ချုပ်ဆို သည့်အပေါ်တွင် အငှားစာချုပ်မှာ ပထမနှစ် ၅၀ ပြည့်ပြီးပါက ၁၀ နှစ် ၁ ကြိမ်စီနှင့် ၂ ကြိမ် (နှစ် ၂၀) ထပ်မံ သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ အငှားစာချုပ်မှာ ဇယား (၁) အမှတ်စဉ် ၃၅၊ အပိုဒ် (က)၊ အပိုဒ်ခွဲ (၄) နှင့် (၅) တို့အနက် မည်သည့် ပုဒ်မခွဲနှင့် အကျုံးဝင်သည်ကို သိရှိလို၍မေးမြန်းခြင်း။