ရန်ကုန်မြို့ရှိ American Center နှင့် မန္တလေးမြို့ရှိ Jefferson Center များသည် အမေရိကန် သံရုံးလက်အောက်တွင် ဖွင့်လှစ်ထားပြီး သံရုံးအစိတ်အပိုင်းအဖြစ် တည်ရှိနေသည့်အတွက် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ယင်းပညာရေးစင်တာ (၂) ခု၏တယ်လီဖုန်းခေါ်ဆိုခ များအတွက် ကျသ

Answer

Vienna Convention ပါပြဋ္ဌာန်းချက်များအရ Diplomatic mission အဖွဲ့ဝင်များသည် သွယ်ဝိုက်ခွန်ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်မရှိပါ။ သို့ရာတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) အမှတ်စဉ် ၂၄ အရ အကျုံးဝင် သည့် အပြန်အလှန်အခွင့်အရေးမူရှိသည့် နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များဖြစ်ပါက ကင်းလွတ်ခွင့်နှင့် အကျုံးဝင်မည်ဖြစ်ပါသည်။ အပြန်အလှန်အခွင့်အရေးမူရှိသည့် နိုင်ငံခြား သံရုံးများ သို့မဟုတ် သံရုံးငယ်များဖြစ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရပါမည်။

Question

ရန်ကုန်မြို့ရှိ American Center နှင့် မန္တလေးမြို့ရှိ Jefferson Center များသည် အမေရိကန် သံရုံးလက်အောက်တွင် ဖွင့်လှစ်ထားပြီး သံရုံးအစိတ်အပိုင်းအဖြစ် တည်ရှိနေသည့်အတွက် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ယင်းပညာရေးစင်တာ (၂) ခု၏တယ်လီဖုန်းခေါ်ဆိုခ များအတွက် ကျသင့်ငွေပေးချေရာတွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလိုပါ သည်။