အခွန်စည်းကြပ်မှုခံယူလျက်ရှိသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ၎င်းတို့ ထုတ်ချေးထားသည့်ချေးငွေကို ချေးငွေအတန်းအစားအလိုက် သတ်မှတ်ရာခိုင်နှုန်းများဖြင့် ကြွေးဆုံးလျာထားမှုများအား ကုမ္ပဏီများ၏နှစ်ချုပ်စာရင်းတွင် စရိတ်အဖြစ်တင်ပြခြင်း အပေါ် ဝင်ငွေခွန်
Answer
ကြွေးဆုံး (အမှန်) ကို အထောက်အထားများစိစစ်၍ စရိတ်အဖြစ် ခွင့်ပြုနိုင်သော်လည်း ကြွေးဆုံး (လျာထား) ကို ခွင့်မပြုပါ။
Question
အခွန်စည်းကြပ်မှုခံယူလျက်ရှိသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ၎င်းတို့ ထုတ်ချေးထားသည့်ချေးငွေကို ချေးငွေအတန်းအစားအလိုက် သတ်မှတ်ရာခိုင်နှုန်းများဖြင့် ကြွေးဆုံးလျာထားမှုများအား ကုမ္ပဏီများ၏နှစ်ချုပ်စာရင်းတွင် စရိတ်အဖြစ်တင်ပြခြင်း အပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တွင် “စီးပွားရေးလုပ်ငန်းများ၏ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် ပစ္စည်းတန်ဖိုးလျော့ငွေတို့ကို နုတ်ပေးရမည်”ဟု ပြဋ္ဌာန်းထားပါသဖြင့် ၎င်းတို့အနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ချေးငွေအပေါ် ကြွေးဆုံးမှုများဖြစ်ပေါ်နိုင်သည်ဖြစ်၍ ဘဏ္ဍာ နှစ်အတွင်း ချေးငွေသည် အမှန်တကယ်ပြန်မရသည့်ကြွေးဆုံးအား အရှုံးအမြတ်စာရင်းတွင် စရိတ်အဖြစ် တင်ပြလာခြင်းအပေါ် ခွင့်ပြုနိုင်ခြင်းရှိ/မရှိမေးမြန်းခြင်း။