အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း

Answer

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင် အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ် စာတမ်းတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၄၀) အရ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % တံဆိပ်ခေါင်း ခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင်အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ်စာတမ်း၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း။