အရောင်းအဝယ်တန်ဖိုးမည်မျှကို တံဆိပ်ခေါင်းမည်မျှ ပမာဏကပ်ရမည်နည်း

Answer

အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ် စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းဖြစ်၍ ထိုက်သင့် တံဆိပ်ခေါင်းခွန်မှာ ၁-၁၀-၂၀၁၆ မှစတင်၍ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၂ % ဖြင့်ထမ်းဆောင် ရမည်ဖြစ်ပါသည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွဲပြောင်း သည့်စာချုပ်စာတမ်းများချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့်တံဆိပ်ခေါင်းခွန် ၂ % အပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက် ပေါက်ဈေးနှင့်အညီ ထမ်းဆောင်စေရမည် ဖြစ်ပါသည်။

Question

အရောင်းအဝယ်တန်ဖိုးမည်မျှကို တံဆိပ်ခေါင်းမည်မျှ ပမာဏကပ်ရမည်နည်း။