အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ မေလ ၃၀

နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၃၀-၅-၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီး ကော်မတီ (Tax Reform Program Steering Committee) ၏ (၆၁)ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(အခွန်ကြီးကြပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။