ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ ၂/၂၀၁၈

၁၃၈၀ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  ၆  ရက်

( ၂၀၁၈ ခုနှစ် စက်တင်ဘာ  လ  ၁  ရက် )

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးများအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်-

           ရာထူး                                            နေရာ                         ပညာအရည်အချင်း

(က) အငယ်တန်းစာရေး                              ၃၀၀ နေရာ                 တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ                 လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

( ခ ) စစ်ဆေးရေးမှူး-၄                               ၃ နေရာ                     တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ                  လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

( ဂ ) ယာဉ်မောင်း-၅                                  ၂၅ နေရာ                    အခြေခံပညာအလယ်တန်းအောင်       လစာနှုန်းကျပ်(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ယာဉ်မောင်းလိုင်စင်(ဃ)ရရှိပြီးသူ

(ဃ) ရုံးအကူ/စာပို့                                    ၁၀၀ နေရာ                  တက္ကသိုလ်ဝင်တန်းအောင်                 လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

( င) လုပ်သား(လုံခြုံရေး) (အမျိုးသား)          ၇ နေရာ                      အခြေခံပညာအလယ်တန်းအောင်       လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

( စ) သန့်ရှင်းရေးအကူ                              ၁၀၇ နေရာ                   အခြေခံပညာအလယ်တန်းအောင်       လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

(ဆ) အစောင့် (အမျိုးသား)                        ၁၀၇ နေရာ                   အခြေခံပညာအလယ်တန်းအောင်        လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

၂။ အဆိုပါရာထူးများအား အောက်ပါဒေသအတွင်းရှိ ရုံး/ဌာနများတွင် ယှဉ်တွဲဖော်ပြပါ အရေအတွက်အတိုင်း ခန့်အပ်သွားပါမည်-

စဉ် ရုံး/ဌာနအမည်

အငယ်တန်း စာရေး

စစ်ဆေး ရေးမှူး-၄ ယာဉ်မောင်း-၅ ရုံးအကူ /စာပို့  လုပ်သား (လုံခြုံရေး) သန့်ရှင်းရေး အကူ အစောင့်
ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်နှင့်ပြည်ထောင်စု နယ်မြေအတွင်းရှိ ရုံး/ဌာနခွဲများ ၂၂ ၂၂ ၁၃ ၁၃
ကချင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး
ကယားပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး
ကရင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး
 ချင်းပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး 
စစ်ကိုင်းတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ၂၈
တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး
ပဲခူးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး  ၁၉
မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး
၁၀ မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ၂၄ ၁၈ ၁၁ ၁၁
၁၁ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး ၁၉
၁၂ ရခိုင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး
၁၃ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ ၁၁၁ ၂၁ ၃၀ ၃၀
၁၄ ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး ၂၉
၁၅ ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ၁၆
  စုစုပေါင်း ၃၀၀ ၂၅ ၁၀၀ ၁၀၇ ၁၀၇

၃။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အပိုဒ်(၁)ရှိ (က)၊ (ခ)နှင့် (ဃ)ပါ ရာထူးနေရာများအတွက် ၃၀-၉-၂၀၁၈ ရက်နေ့ တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ) အပိုဒ်(၁)ရှိ (ဂ)၊ (င)၊ (စ)နှင့် (ဆ)ပါ ရာထူးနေရာများအတွက် ၃၀-၉-၂၀၁၈ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမည်။

၄။ လျှောက်လွှာတွင် -

(က) လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

( ခ ) မွေးသက္ကရာဇ်

( ဂ ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

(ဃ) လျှောက်ထားလိုသည့်ရာထူး (ရာထူးတစ်မျိုးတည်းသာ လျှောက်ထားရမည်)

( င ) ပညာအရည်အချင်း၊အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်

( စ ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်

(ဆ) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်

( ဇ ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ

( စျ ) အပိုဒ်(၂)တွင်ပါဝင်သည့်ရုံး/ဌာနများအနက် တာ၀န်ထမ်းဆောင်လိုသည့် ရုံး/ဌာန တစ်ခုကိုသာ တိကျစွာဖော်ပြရမည်။

၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က) နှစ်ပတ်အတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၂)ပုံ

( ခ ) အခြေခံပညာအလယ်တန်းအောင်/တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ

( ဂ ) အလုပ်သမားမှတ်ပုံတင်မိတ္တူ

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

( င ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ထောက်ခံချက်မူရင်း

( စ ) သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် မူရင်း

(ဆ) ဒေသန္တရကျန်းမာရေးအဖွဲ့၏ ကျန်းမာကြောင်း ဆေးထောက်ခံချက်(မူရင်း)

၆။ လျှောက်လွှာကို အပိုဒ်(၂)တွင် ပါဝင်သည့်ရုံးများအနက် မိမိတာ၀န်ထမ်းဆောင် လိုသောရုံးတစ်ရုံးတည်းသို့သာ ၂၈-၉-၂၀၁၈ ရက်နေ့ နောက်ဆုံးထားပေးပို့လျှောက်ထား ရမည်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်အတွင်းရှိ ရုံး/ဌာနခွဲများ တွင် တာ၀န်ထမ်းဆောင်လိုသူများသည် ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးသို့ လျှောက်လွှာပေးပို့ လျှောက်ထားရမည်။

၇။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော၊ သတ်မှတ်စည်းကမ်းချက် များနှင့် မကိုက်ညီသောလျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။

၈။ အပိုဒ်(၁)ရှိ (က)၊ (ခ)နှင့် (ဃ)ပါ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအား ၁၄-၁၀-၂၀၁၈ ရက်နေ့တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူး ရုံးများ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေဗဟုသုတ ဖြေဆိုရမည်။ ရေးဖြေ စာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

၉။ အပိုဒ်(၁)ရှိ (ဂ)၊ (င)၊ (စ)နှင့် (ဆ)ပါ ရာထူးနေရာများအတွက် ၁၅-၁၀-၂၀၁၈ ရက်နေ့ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများ၌ လူတွေ့စစ်ဆေး ခြင်းသာ ဖြေဆိုရမည်ဖြစ်ပါသည်။

၁၀။ ရွေးချယ်ခြင်းခံရသူများသည် မိမိရွေးချယ်လျှောက်ထားသည့် ဒေသအတွင်းရှိ ဌာနခွဲ/ ရုံးများတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်။

၁၁။ ဖြေဆိုခွင့်ကတ်ပြားများအား ၁၂-၁၀-၂၀၁၈ ရက်နေ့နှင့် ၁၃-၁၀-၂၀၁၈ ရက်နေ့ များတွင် မိမိလျှောက်လွှာတင်ထားသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးမည်ဖြစ်ပါသည်။

၁၂။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် (ရုံးချုပ်)၊ တယ်လီဖုန်းအမှတ်၊ ၀၆၇- ၄၃၀၀၂၁ နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန