ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်၊ ၂/၂၀၁၈
၁၃၈၀ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်
( ၂၀၁၈ ခုနှစ် စက်တင်ဘာ လ ၁ ရက် )
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးများအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်-
ရာထူး နေရာ ပညာအရည်အချင်း
(က) အငယ်တန်းစာရေး ၃၀၀ နေရာ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)
( ခ ) စစ်ဆေးရေးမှူး-၄ ၃ နေရာ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)
( ဂ ) ယာဉ်မောင်း-၅ ၂၅ နေရာ အခြေခံပညာအလယ်တန်းအောင် လစာနှုန်းကျပ်(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ယာဉ်မောင်းလိုင်စင်(ဃ)ရရှိပြီးသူ
(ဃ) ရုံးအကူ/စာပို့ ၁၀၀ နေရာ တက္ကသိုလ်ဝင်တန်းအောင် လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)
( င) လုပ်သား(လုံခြုံရေး) (အမျိုးသား) ၇ နေရာ အခြေခံပညာအလယ်တန်းအောင် လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)
( စ) သန့်ရှင်းရေးအကူ ၁၀၇ နေရာ အခြေခံပညာအလယ်တန်းအောင် လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)
(ဆ) အစောင့် (အမျိုးသား) ၁၀၇ နေရာ အခြေခံပညာအလယ်တန်းအောင် လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)
၂။ အဆိုပါရာထူးများအား အောက်ပါဒေသအတွင်းရှိ ရုံး/ဌာနများတွင် ယှဉ်တွဲဖော်ပြပါ အရေအတွက်အတိုင်း ခန့်အပ်သွားပါမည်-
စဉ် | ရုံး/ဌာနအမည် |
အငယ်တန်း စာရေး |
စစ်ဆေး ရေးမှူး-၄ | ယာဉ်မောင်း-၅ | ရုံးအကူ /စာပို့ | လုပ်သား (လုံခြုံရေး) | သန့်ရှင်းရေး အကူ | အစောင့် |
၁ | ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်နှင့်ပြည်ထောင်စု နယ်မြေအတွင်းရှိ ရုံး/ဌာနခွဲများ | ၂၂ | − | ၈ | ၂၂ | ၂ | ၁၃ | ၁၃ |
၂ | ကချင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၆ | − | ၁ | ၆ | − | ၄ | ၄ |
၃ | ကယားပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၁ | − | ၁ | ၃ | − | ၃ | ၃ |
၄ | ကရင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၆ | − | − | ၉ | − | ၄ | ၄ |
၅ | ချင်းပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၆ | − | ၁ | − | − | ၃ | ၃ |
၆ | စစ်ကိုင်းတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | ၂၈ | − | ၁ | ၅ | − | ၅ | ၅ |
၇ | တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | − | − | ၁ | ၈ | − | ၅ | ၅ |
၈ | ပဲခူးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | ၁၉ | − | ၁ | − | − | ၅ | ၅ |
၉ | မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | ၅ | − | − | − | − | ၄ | ၄ |
၁၀ | မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | ၂၄ | − | − | ၁၈ | − | ၁၁ | ၁၁ |
၁၁ | မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၁၉ | − | − | − | − | ၃ | ၃ |
၁၂ | ရခိုင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၈ | − | ၁ | ၈ | − | ၄ | ၄ |
၁၃ | ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ | ၁၁၁ | ၃ | ၈ | ၂၁ | ၅ | ၃၀ | ၃၀ |
၁၄ | ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး | ၂၉ | − | ၁ | − | − | ၇ | ၇ |
၁၅ | ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး | ၁၆ | − | − | − | − | ၆ | ၆ |
စုစုပေါင်း | ၃၀၀ | ၃ | ၂၅ | ၁၀၀ | ၇ | ၁၀၇ | ၁၀၇ |
၃။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အပိုဒ်(၁)ရှိ (က)၊ (ခ)နှင့် (ဃ)ပါ ရာထူးနေရာများအတွက် ၃၀-၉-၂၀၁၈ ရက်နေ့ တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) အပိုဒ်(၁)ရှိ (ဂ)၊ (င)၊ (စ)နှင့် (ဆ)ပါ ရာထူးနေရာများအတွက် ၃၀-၉-၂၀၁၈ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမည်။
၄။ လျှောက်လွှာတွင် -
(က) လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( ခ ) မွေးသက္ကရာဇ်
( ဂ ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
(ဃ) လျှောက်ထားလိုသည့်ရာထူး (ရာထူးတစ်မျိုးတည်းသာ လျှောက်ထားရမည်)
( င ) ပညာအရည်အချင်း၊အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်
( စ ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်
(ဆ) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်
( ဇ ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ
( စျ ) အပိုဒ်(၂)တွင်ပါဝင်သည့်ရုံး/ဌာနများအနက် တာ၀န်ထမ်းဆောင်လိုသည့် ရုံး/ဌာန တစ်ခုကိုသာ တိကျစွာဖော်ပြရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) နှစ်ပတ်အတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၂)ပုံ
( ခ ) အခြေခံပညာအလယ်တန်းအောင်/တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ
( ဂ ) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
( င ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ထောက်ခံချက်မူရင်း
( စ ) သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် မူရင်း
(ဆ) ဒေသန္တရကျန်းမာရေးအဖွဲ့၏ ကျန်းမာကြောင်း ဆေးထောက်ခံချက်(မူရင်း)
၆။ လျှောက်လွှာကို အပိုဒ်(၂)တွင် ပါဝင်သည့်ရုံးများအနက် မိမိတာ၀န်ထမ်းဆောင် လိုသောရုံးတစ်ရုံးတည်းသို့သာ ၂၈-၉-၂၀၁၈ ရက်နေ့ နောက်ဆုံးထားပေးပို့လျှောက်ထား ရမည်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်အတွင်းရှိ ရုံး/ဌာနခွဲများ တွင် တာ၀န်ထမ်းဆောင်လိုသူများသည် ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးသို့ လျှောက်လွှာပေးပို့ လျှောက်ထားရမည်။
၇။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော၊ သတ်မှတ်စည်းကမ်းချက် များနှင့် မကိုက်ညီသောလျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
၈။ အပိုဒ်(၁)ရှိ (က)၊ (ခ)နှင့် (ဃ)ပါ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအား ၁၄-၁၀-၂၀၁၈ ရက်နေ့တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူး ရုံးများ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေဗဟုသုတ ဖြေဆိုရမည်။ ရေးဖြေ စာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၉။ အပိုဒ်(၁)ရှိ (ဂ)၊ (င)၊ (စ)နှင့် (ဆ)ပါ ရာထူးနေရာများအတွက် ၁၅-၁၀-၂၀၁၈ ရက်နေ့ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများ၌ လူတွေ့စစ်ဆေး ခြင်းသာ ဖြေဆိုရမည်ဖြစ်ပါသည်။
၁၀။ ရွေးချယ်ခြင်းခံရသူများသည် မိမိရွေးချယ်လျှောက်ထားသည့် ဒေသအတွင်းရှိ ဌာနခွဲ/ ရုံးများတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်။
၁၁။ ဖြေဆိုခွင့်ကတ်ပြားများအား ၁၂-၁၀-၂၀၁၈ ရက်နေ့နှင့် ၁၃-၁၀-၂၀၁၈ ရက်နေ့ များတွင် မိမိလျှောက်လွှာတင်ထားသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးမည်ဖြစ်ပါသည်။
၁၂။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် (ရုံးချုပ်)၊ တယ်လီဖုန်းအမှတ်၊ ၀၆၇- ၄၃၀၀၂၁ နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
PDF Upload
Attachment | Size |
---|---|
ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း | 121.13 KB |