ပြည်တွင်းရှိကုမ္ပဏီတစ်ခုကပြည်တွင်းမှ အလုပ်သမားများအား ဂျပန်နိုင်ငံရှိ စက်ရုံများသို့ အလုပ်သွား ရောက်လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလိုပါသည်။

Answer

ပြည်တွင်းရှိ  ကုမ္ပဏီတစ်ခုကပြည်တွင်းမှ အလုပ်သမားများအား ဂျပန်နိုင်ငံရှိ စက်ရုံများသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းပို့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ) အရကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု  ( ၃၀ ) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၂၃(က)(၁) အရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့်အသားတင်အမြတ်ဝင်ငွေ အပေါ် ၂၅% ဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question