ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ၊ မေလ ၂၆

  ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၃၈၀၇.၃၂၈ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၅၇.၁၇% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံ ပိုင်ကဏ္ဍမှ ကျပ် ၄၆၂.၆၅၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၇၆၈ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၃၄၃.၉၀၃ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၅၉၈.၆၃၆ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၂၃၉.၃၅၁ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၈၀၉.၆၃၀ ဘီလီယံ၊ ရတနာခွန် ကျပ် ၉.၆၁၆ ဘီလီယံ၊ တံဆိပ်ခေါင်း ခွန် ကျပ် ၆၀.၅၃၀ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၈၉.၅၆၅ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။