COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများအပေါ် CERP နှင့်မသက်ဆိုင်သည့် ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စရပ်များရှိပါသလား။

Answer

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများ၏ အခွန်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ကမ္ဘာ့ကပ်ရောဂါအား ကြိုတင်ကာကွယ်သည့်အနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးခဲ့ပါသည် - (က)သက်ဆိုင်ရာအခွန်ရုံးများတွင် လက်ဆေးကန်၊ လက်ဆေးဆပ်ပြာ၊ Mask များ စီစဉ်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(ခ)SAS စနစ်သို့ ကူးပြောင်းသည့် အခွန်ရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ နောက်ဆုံးအပတ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက်တောင်းခံလွှာပုံစံများအား e-mail ဖြင့် လက်ခံပေးခြင်း၊

(ဂ)SAS ရုံးများတွင် သုံးလပတ်ကြေညာလွှာ တင်သွင်းသည့်ကိစ္စများအား အခွန်ရုံးသို့ လူကိုယ်တိုင်လာရောက်တင်သွင်းရန်မလိုဘဲ e-mail ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊

(ဃ)COVID-19 ဖြစ်ပွားမှုကြောင့် လစဉ်လစာဝင်ငွေခွန်ပေးသွင်းရန် ကြုံတွေ့နေရသည့် အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးစေလိုကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)နှင့် အညီ သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားလာပါက လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန်ကို သုံးလ တစ်ကြိမ် ပေးသွင်းခွင့်ပြုခြင်း၊

(င)Mobile Banking စနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် CB Pay တစ်မျိုးသာ အသုံးပြုနိုင်သော်လည်း၊ ၂၀၂၀ ပြည့်နှစ် မေလတွင် AYA Pay အား လည်းကောင်း၊ ဇွန်လတွင် SaiSai Pay၊ KBZ Pay များအားလည်းကောင်း အသုံးပြု၍ အခွန်ငွေများပေးဆောင်နိုင်ပြီဖြစ်ပါသည်။

Question

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများအပေါ် CERP နှင့်မသက်ဆိုင်သည့် ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စရပ်များရှိပါသလား။

FAQ Category