အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
e–Filing Management System ဖြင့် ကြေညာလွှာတင်သွင်းမည်ဆိုပါက ပြည်တွင်း အခွန်များဦးစီးဌာန၏ website ဖြစ်သော www.ird.gov.mm ၏ e-Filing services Login Here မှတဆင့် link ဝင်ရောက်၍ လည်းကောင်း၊ (https://efiling.ird.gov.mm) link မှလည်းကောင်း ဝင်ရောက်၍ စနစ်အသုံးပြုခွင့်အတွက် ပထမဦးစွာ Account Register ကို အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အခွန်ထမ်း ကိုယ်တိုင်တင်သွင်းခြင်း ဖြစ်ပါက User Type တွင် Taxpayer ကို ရွေးရမည်ဖြစ်ပြီး ကြေညာလွှာကို အခွန်ထမ်းမှ တင်သွင်းခြင်းမဟုတ်ဘဲ ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူမှ တင်သွင်းခြင်းဖြစ်ပါက Paid Preparer ကို ရွေးရမည်ဖြစ်သည်။
- Tax office တွင် သက်ဆိုင်ရာအခွန်ရုံးကိုရွေးပါ
- TIN Number တွင် ကြေညာလွှာတင်သွင်းမည့် ကုမ္ပဏီ၏ဂဏန်း ၉ လုံးပါ TIN ကိုထည့်ပါ
- E-mail တွင် မိမိအသုံးပြုလိုသည့် e-mail ကိုထည့်ပါ
- Phone Number တွင် e-Filing ကိစ္စအတွက် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်ထည့်ပါ
- CAPTCHA Code ကိုထည့်သွင်းပြီးပါက Register Button ကို နှိပ်ပါ
- “Registration has finished” ဟုပေါ်ပေါက်လာပါက Registration Request ပြုလုပ်ခြင်းပြီးစီးပြီဖြစ်ပါသည်။
ဌာနဘက်မှ အချက်အလက်များစစ်ဆေးပြီးပါက Account Register ကို အတည်ပြု သည့် E-mail ပေးပို့ပါမည်။ ဌာနမှပေးပို့သော Registration Confirm e-mail မှ တစ်ဆင့် စနစ်အသုံးပြုနိုင်ပါရန် အတွက် မိမိနှင့် သက်ဆိုင်သည့် အချက်အလက်များ နှင့် လျှို့ဝှက်ကုဒ် ထည့်သွင်းပါ။ ထို့နောက် “Confirm e-mail” ကို Click နှိပ်ပါ “Account is ready” ဟုပေါ်က login ဝင်ရောက်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
Question
e–Filing Management System ဖြင့် ကြေညာလွှာတင်သွင်းစဉ် Account Register ပြုလုပ်ပုံအား သိရှိလို၍ မေးမြန်းခြင်း