အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ လစာဝင်ငွေခွန်ပေးဆောင်ရာတွင် အကျိုးအမြတ် မယူသောအဖွဲ့အစည်းသည် အခွန်ထမ်းမှတ်ပုံတင်အမှတ်မရှိသေးပါက (TIN Certificate) ရရှိအောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး (TIN) ရရှိပါက အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (၁) နှင့် ဆက်သွယ်၍ Online Payment ဖြင့်ပေးသွင်းနိုင်ကြောင်း အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၏ အခွန်ထမ်းမှတ်ပုံတင်အမှတ်ရရှိရန် အမိန့် ကြော်ငြာစာအမှတ် ၇၉/၂၀၂၀၊ ညွှန်ကြားလွှာအမှတ် ၄/၂၀၂၁ နှင့်အညီ အောက်ပါ အချက်အလက်များဖြင့် လျှောက်ထားရယူနိုင်ပါကြောင်း-
(၁) အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်လွှာ၊
(၂) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း၊ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနစသည်) နှင့် အခြားအဖွဲ့အစည်းများက အသိအမှတ်ပြုထုတ်ထားသည့်မှတ်ပုံတင်လက်မှတ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (Dica) ဖြစ်ပါက (Company Extract Form)
(၃) MOU (နားလည်မှုစာချွန်လွှာ) တို့ဖြစ်ပါသည်။
Question
အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ လစာဝင်ငွေခွန်ပေးဆောင်ရန် မည်သည့်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်နှင့် မည်သည့်စာရွက်စာတမ်းအထောက်အထားများ လိုအပ် သည်ကို သိရှိလို၍ မေးမြန်းခြင်း