အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှဝန်ထမ်းတစ်ဦးသည် ၁ နှစ်ပြည့်သည်အထိ အလုပ်မလုပ်ဘဲ ၁၀ လသာ အလုပ် လုပ်၍ ကုမ္ပဏီမှ အလုပ်ထွက်သွားခြင်းကိစ္စနှင့် စပ်လျဉ်း၍ လစာဝင်ငွေခွန် နုတ်ယူ ပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ်ပုံစံဖြစ်သော ပတခ(ဝင)-၁၅(က) အား ဝန်ထမ်းမှ တစ်ကယ်ပေးသွင်းခဲ့သော သက်ဆိုင်ရာလအထိ ဖြည့်သွင်း ပြီးကျန်ရှိသည့် ကာလကို ကန့်လန့်ဖြတ်မျဉ်းဆွဲ၍ ဝန်ထမ်းသို့ထုတ်ပေးရမည်ဖြစ်ပြီး၊ မူရင်းခွဲကို ကုမ္ပဏီတွင် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှဝန်ထမ်းတစ်ဦးသည် ၁ နှစ်ပြည့်သည်အထိ အလုပ်မလုပ်ဘဲ ၁၀ လသာ အလုပ်လုပ်၍ ကုမ္ပဏီမှ အလုပ်ထွက်သွားခြင်းကိစ္စနှင့် စပ်လျဉ်း၍ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထာက်အထားလက်မှတ်ပုံစံဖြစ်သော ပတခ(ဝင)-၁၅(က) အား မည်သို့ထုတ်ပေးရမည်ကို သိရှိလို၍မေးမြန်းခြင်း