အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာကို သတ်မှတ်ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီတင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇၊ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါ ဒဏ်ကြေးငွေ နှစ်ရပ်အနက်မှများရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁)    ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှု ပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(၂)    ငွေကျပ်တစ်သိန်း ဖြစ်ပါသည်။

                       ပေးဆောင်ရမည့် အခွန်အား သတ်မှတ်ရက်တွင် ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှု အကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင်ရန်ရှိသည့် အခွန်အားလုံး ကိုဖြစ်စေ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင် ခြင်းမရှိသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးဆောင်ခြင်း အတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။

Question

ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာ နောက်ကျတင်သွင်းပါက ဒဏ်ကြေးမည်မျှပေးဆောင် ရမည်နှင့် အခွန်ပေးဆောင်ရန် နောက်ကျပေးဆောင်ခဲ့ပါက ဒဏ်ကြေးငွေမည်မျှ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း