အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဩဂုတ်လ ၂၇

နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၇-၈-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂:၃၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၄) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ပါသည်။