ကျောက်မျက်ရတနာ ကိုင်ဆောင်ခွင့်လိုင်စင်သီးသန့်မရှိသဖြင့် ကျောက်မျက်ရတနာ ကိုင်ဆောင်လိုသူများသည် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ဥပဒေနှင့်အညီဖြစ်စေရန် အရောင်းဆိုင်လိုင်စင်ရယူထားသော်လည်း လိုင်စင်ရယူရုံသက်သက်သာ ရယူထားသည့် သူများအပေါ် မည်သို့အခွန်စည်းကြပ်ပါသနည
Answer
မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရောင်းဆိုင်လိုင်စင်ရယူထားသူသည် အထူး ကုန်စည်ခွန်ဥပဒေအရသော်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရသော်လည်းကောင်း၊ ဝင်ငွေခွန်ဥပဒေအရသော်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် အခွန်စည်းကြပ်မှုခံယူခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ ၊ ပုဒ်မခွဲ (ဂ) အရ အခွန်မပေးဆောင်ရ သေးသော အထူး ကုန်စည်ဖြစ်သည့် ကျောက်မျက်ရတနာများကို ရရှိပိုင်ဆိုင်ထားခြင်းအတွက် လက်ဝယ် ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းပေးဆောင်ရမည့်အပြင် ယင်းကုန်စည် များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်သည်။ သို့ပါ၍ အထူးကုန်စည်ခွန် ဥပဒေအရသော်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရသော်လည်းကောင်း၊ ဝင်ငွေခွန် ဥပဒေအရသော်လည်းကောင်း အရောင်းဆိုင်လိုင်စင်ရယူထားသူက လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
Question
ကျောက်မျက်ရတနာ ကိုင်ဆောင်ခွင့်လိုင်စင်သီးသန့်မရှိသဖြင့် ကျောက်မျက်ရတနာ ကိုင်ဆောင်လိုသူများသည် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ဥပဒေနှင့်အညီဖြစ်စေရန် အရောင်းဆိုင်လိုင်စင်ရယူထားသော်လည်း လိုင်စင်ရယူရုံသက်သက်သာ ရယူထားသည့် သူများအပေါ် မည်သို့အခွန်စည်းကြပ်ပါသနည်း။ (ဥပမာ-အိမ်တွင် ကျောက်မျက်ရတနာ ထားခြင်းအပေါ် ဥပဒေနှင့်အညီဖြစ်စေရန် လိုင်စင်ကိုင်ဆောင်သူ၊ ပွဲစား၊ ကျောက်မျက် ရတနာပြပွဲများတွင် တက်ရောက်ပြသလိုသူ၊ သာမာန်အသေးစားဝယ်ရောင်းများ)