တံဆိပ်ခေါင်းခွန်
Answer
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃ ဇယား(၁) အမှတ်စဉ် (၄၀)(က) အရ အဆိုပါ စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေါင်နှံ သူက လက်ရှိပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင် အဆိုပါစာချုပ်ဖြင့် အာမခံထားသည့်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃-က အရ ဇယား(၁) အမှတ်စဉ် (၄၀)(က) နှင့် သက်ဆိုင်ပါက အမှတ်စဉ် (၄၀) (က) အရထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ % အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက်ပေါက်ဈေးနှင့်အညီ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အမှတ်စဉ် (၄၀) (ခ) အရ အထက်တွင် ဆိုခဲ့သည့်အတိုင်း လက်ရှိမပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောမတူလျှင် အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံသည့်ငွေအတွက် တံဆိပ် ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၀.၅ % ဖြစ်ပါသည်။
Question
၂။ အမရပူရမြို့နယ်တွင်နေထိုင်သူတစ်ဦးမှ နေအိမ်ပေါင်နှံ၍ ဘဏ်ချေးငွေဆောင်ရွက်ရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအား သိရှိလို၍ မေးမြန်းခြင်း။