မြောက်ဒဂုံမြို့နယ်ရှိစက်မှု (၂) ပိုင် ၀င်းသူဇာအရောင်းဆိုင် မြေနှင့်အဆောက်အဦအား City Mart Holding Company မှ (၁၀) နှစ် ငှားရမ်းထားရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူကပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိလို၍ မေးမြ
Answer
စက်မှု(၂) ပိုင် ၀င်းသူဇာအရောင်းဆိုင်မြေနှင့်အဆောက်အဦအား City Mart Holding Company မှ ငှားရမ်းခြင်းသည် Business Rent ငှားရမ်းခြင်း၀န်ဆောင်မှုလုပ်ငန်းဖြစ်၍ ၂၀၁၆ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ၀န်ဆောင်မှု (၂၉ ) မျိုးတွင် မပါ၀င်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ငှားရမ်းသည့် City Mart Holding Company သည် ငှားရမ်းခပေးချေရာ၌ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့်ပေါင်းပေးရ မည်ဖြစ်ပါသည်။
Question
မြောက်ဒဂုံမြို့နယ်ရှိစက်မှု (၂) ပိုင် ၀င်းသူဇာအရောင်းဆိုင် မြေနှင့်အဆောက်အဦအား City Mart Holding Company မှ (၁၀) နှစ် ငှားရမ်းထားရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူကပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိလို၍ မေးမြန်းခြင်း။