ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပြည်ပမှ ဆောက်လုပ်ရေးကုန်ကြမ်းများ တင်သွင်း၍ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ရပါကြောင်း၊ ၄င်းကုန်ကြမ်း ပစ္စည်းများအား ဘဏ္ဍာနှစ်အတွင်း အကုန်သုံးစွဲခဲ့ခြင်းမရှိပါက လာမည့် ဘဏ္ဍာနှစ်၌ ကုန်ကြမ်းလက်ကျန်အတွက် ကုန
Answer
ပြည်ပမှတင်သွင်းစဉ် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ထားပြီး ၄င်းကုန်ကြမ်းပစ္စည်းများအား ဘဏ္ဍာနှစ် အတွင်းသုံးစွဲနိုင်ခြင်းမရှိဘဲ၊ ကုန်လက်ကျန်အဖြစ်ကျန်ရှိပါက ဘဏ္ဍာနှစ်ကုန်ဆုံး၍ နှစ်ချုပ်စာရင်းရေးဆွဲသည့်အခါ သုံးစွဲပြီးသည့် ကုန်ကြမ်းအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ကျန်ရှိသည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အသေးစိတ်စာရင်း ခွဲခြားဖော်ပြ၍ တင်ပြရန်ဖြစ်ပြီး ကျန်ရှိသည့် ကုန်ကြမ်းလက်ကျန်တန်ဖိုးကို လာမည့်ဘဏ္ဍာနှစ် အသုံးပြုရာ၌ စာရင်းသယ်ဆောင်ကျခံသုံးစွဲနိုင်ရန် ဖော်ပြတောင်းခံနိုင်ပါသည်။ သို့သော် လက်ကျန်ပစ္စည်းသည် ပြန်လည်ရောင်းချခြင်းမဟုတ်ဘဲ ဆုံးရှုံးပျက်စီးခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ကို သယ်ဆောင်ခုနှိမ်ခွင့် မရှိပါ။
Question
ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပြည်ပမှ ဆောက်လုပ်ရေးကုန်ကြမ်းများ တင်သွင်း၍ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ရပါကြောင်း၊ ၄င်းကုန်ကြမ်း ပစ္စည်းများအား ဘဏ္ဍာနှစ်အတွင်း အကုန်သုံးစွဲခဲ့ခြင်းမရှိပါက လာမည့် ဘဏ္ဍာနှစ်၌ ကုန်ကြမ်းလက်ကျန်အတွက် ကုန်သွယ်လုပ်ငန်းခွန်အား သယ်ဆောင်ကျခံ၍ ရရှိခြင်း ရှိ/မရှိ မေးမြန်းခြင်း။