ကုမ္ပဏီတစ်ခုက လူပုဂ္ဂိုလ်တစ်ဦးထံမှ တိုက်ခန်းအား စပေါ်ငွေ အပါအ၀င် ( ၁ )နှစ် ငှား၍ အသုံးပြု မည်ဖြစ်ရာ တိုက်ခန်းအငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်နှင့် မည်သူကထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

တိုက်ခန်းအငှား (၁) နှစ် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက် တွဲဇယား (၁) အမှတ်စဉ် ( ၃၅ ) (က) ( ၂ ) အရ (၁)နှစ် အငှားစာချုပ်အရ ငှားရမ်းခ သင့်ငွေပမာဏ   ( သို့ ) တန်ဖိုးအတွက် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ငှားရမ်းခအပြင် ဒဏ်ငွေ၊ စပေါ်အပ်ငွေများပါရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် ၃၅ (ခ) အရ ထိုတန်ဖိုး၏ ၂ % ကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၉ ( ဂ ) အရ ငှားရမ်းရန် သဘောတူညီချက် ဖြစ်သည့် အချက်တွင် ငှားရမ်းရသူ (သို့) ငှားရမ်း မည့်သူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။

Question