မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပညာရေးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့် ရ
Answer
မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ခြင်းသည် ပညာရေးဦးစီး ဌာနနှင့် အဆောက်အဦဦးစီးဌာန (မြို့ပြ) တို့ ဦးစီးဌာနအဖွဲ့အစည်းအချင်းချင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုဖြစ်လျှင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် ၂၇ အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၁၇ ၏ အပိုဒ် ၆(က)တွင် အစိုးရအဖွဲ့အစည်းအချင်းချင်း ပေးချေငွေများ၊ အစိုးရအဖွဲ့အသီးသီးနှင့် နိုင်ငံပိုင်လုပ်ငန်းဌာနများသို့ ပေးချေငွေများအပေါ် ပေးချေငွေထုတ်ပေးသည့် အချိန်၌ ပင်ရင်းမှဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းမပြုရပါ။
Question
မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပညာရေးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့် ရှိ / မရှိ မေးမြန်းခြင်း။