ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများက ၎င်းတို့ လုပ်ငန်းနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် အရောင်းမြှင့်တင်ရေးပွဲများ၊ ဧည့်ခံပွဲများ ကျင်းပ ပြုလုပ်ခြင်းနှင့် ဟိုတယ်များတွင် အစည်းအဝေးများ ပြုလုပ်ရန် ခန်းမငှားရမ်းခြင်း၊ ခရီးသွားဧည့်သည်များအတွ
Answer
ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများမှ ကုန်သွယ်လုပ်ငန်းခွန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပုံစံ ပတခ (ကသခ)-၂ ရှိသည့် လုပ်ငန်းရှင်များဖြစ် သည့်အတွက် စည်းမျဉ်း ၄၂ နှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်နိုင်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်သည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များထံမှ ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ထားသည့် သက်သေခံအထောက်အထားပုံစံ ပတခ(ကသခ)-၃၁ ကို ခုနှိမ်ခွင့် ဆောင်ရွက်ချိန်တွင် အထောက်အထားအဖြစ် တင်ပြနိုင်ရန်အတွက် တောင်းခံ ၍ ရရှိနိုင်ပါသည်။
Question
ပြည်တွင်းရှိ ကုမ္ပဏီများ၊ Travel & Tour ကုမ္ပဏီများက ၎င်းတို့ လုပ်ငန်းနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် အရောင်းမြှင့်တင်ရေးပွဲများ၊ ဧည့်ခံပွဲများ ကျင်းပ ပြုလုပ်ခြင်းနှင့် ဟိုတယ်များတွင် အစည်းအဝေးများ ပြုလုပ်ရန် ခန်းမငှားရမ်းခြင်း၊ ခရီးသွားဧည့်သည်များအတွက် အခန်းငှားရမ်းပေးခြင်းတို့ကို ကုမ္ပဏီအမည်ဖြင့် ဆောင်ရွက်ပါကြောင်း၊ ကုမ္ပဏီအမည်ဖြင့် ငွေပေးချေချိန်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကောက်ခံ၍ ပြေစာပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပေးပါကြောင်း၊ သို့သော်လည်း ၎င်းကုမ္ပဏီများနှင့် Travel & Tour ကုမ္ပဏီများမှ စည်းမျဉ်း ၄၂ နှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်နိုင်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်သည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များထံမှ ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ထားသည့် သက်သေခံအထောက်အထား ပုံစံ ပတခ(ကသခ)-၃၁ ကို ခုနှိမ်ခွင့် ဆောင်ရွက်ချိန်တွင် အထောက်အထားအဖြစ် တင်ပြနိုင်ရန်အတွက် တောင်းခံ ၍ ရ/ မရ မေးမြန်းခြင်း။