ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ကြွေပြားများကို ပြည်ပမှ တင်သွင်း၍ ပြန်လည်ရောင်း ချခြင်းအပေါ် မည်သည့်အခွန်များ ပေးဆောင်ရပြီး အခွန်ခုနှိမ်ခွင့်ကို မည်သို့ဆောင်ရွက် ရပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။

Answer

ကြွေပြားများကို ပြည်ပမှတင်သွင်းပါက တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ % အား ကြိုတင်ခွန်များအဖြစ် ပေးသွင်း ထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချပါက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(ခ)အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါ သည်။ ကြွေပြားများရောင်းချခြင်းအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ခွင့်ရရှိနိုင်ရန် အတွက် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂ အရ ခုနှိမ်နိုင်ရန် လုပ်ငန်းရှင်မှတ်ပုံတင် အမှတ် ပတခ (ကသခ)-၂ ပြည်ပမှတင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီး ကြောင်း သက်သေခံလက်မှတ်ပုံစံ ပတခ(ကသခ)-၃၂၊ ကုန်စည်အပေါ် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုပုံစံ ပတခ(ကသခ)-၃၃ တို့ကို ၂ စောင်စီ ပြုစု၍ သက်ဆိုင်ရာ ကုမ္ပဏီအခွန်ရုံးသို့ တင်ပြ၍ ခုနှိမ်ပေးသွင်းခြင်းကို ဆောင်ရွက်နိုင်ပါ သည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၃(က) (၁) အရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့်ကျပ်ငွေဖြင့် စုစုပေါင်းအသားတင်အမြတ် ဝင်ငွေအပေါ် ၂၅ % ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ကြွေပြားများကို ပြည်ပမှ တင်သွင်း၍ ပြန်လည်ရောင်း ချခြင်းအပေါ် မည်သည့်အခွန်များ ပေးဆောင်ရပြီး အခွန်ခုနှိမ်ခွင့်ကို မည်သို့ဆောင်ရွက် ရပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။