ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax)နှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာအမှတ် - ၄၇/၂၀၁၈ အား သတင်းမီဒီယာများသို့ ရှင်းလင်းဆွေးနွေးခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၂၈-၆-၂၀၁၈ ရက်နေ့တွင် ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax)နှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာ အမှတ်၊ ၄၇/၂၀၁၈ ကို သတင်းမီဒီယာများအား ရှင်းလင်းဆွေးနွေးသည့် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြန်ကြားရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ ၁၈ ခုမှ တက်ရောက် ခဲ့ကြပြီး အမိန့်ကြော်ငြာစာအမှတ်၊ ၄၇/၂၀၁၈ နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်း ခဲ့ကြရာ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။