ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည်ထိုင်းနိုင်ငံရှိကုမ္ပဏီတစ်ခုနှင့်ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက်လုပ်ငန်းအပ်နှံရာထိုကုမ္ပဏီမှဝန်ထမ်းစေလွှတ်ပေးပါသည်။ ထိုဝန်ထမ်း၏လစာဝင်ငွေခွန်အတွက်ပေးဆောင်ရာတွင် DTA စာချုပ်ပါအတိုင်းခံစားလိုပါသဖြင့်မည်သည့်အထောက်အထားများတင်ပြရမည်
Answer
မြန်မာနိုင်ငံနှင့် DTA စာချုပ်ဝင်နိုင်ငံတစ်ခုခုမှ အခွန်ထမ်းဖြစ်ပါက DTA စာချုပ်ပါအတိုင်း ခံစားခွင့်ရရှိရန် လျှောက်ထားသည့်အခါ အောက်ပါအချက်များကို တင်ပြရပါမည်-
(က) လျှောက်ထားလိုသူပုဂ္ဂိုလ်က ဆောင်ရွက်ခဲ့သည့်လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA Article အရ DTA အခွင့်အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ
(ခ) ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ
(ဂ) လျှောက်ထားလိုသည့်ပုဂ္ဂိုလ်သည် မည်သည့်နိုင်ငံ၏ အခွန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံအခွန်ဌာန၏ ထောက်ခံချက်
(ဃ) ချုပ်ဆိုထားသည့်စာချုပ်
အခွန်ထမ်းသည် အထက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြလျှောက်ထားရမည်။
Question
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံရာ ထိုကုမ္ပဏီမှ ဝန်ထမ်းစေလွှတ်ပေးပါသည်။ ထိုဝန်ထမ်း၏ လစာဝင်ငွေခွန်အတွက် ပေးဆောင်ရာတွင် DTA စာချုပ်ပါအတိုင်း ခံစားလိုပါသဖြင့် မည်သည့်အထောက်အထားများကို တင်ပြရမည်ကို သိရှိလိုပါသည်။