ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီးလစာတစ်လ သုံးသိန်းခွဲရရှိသော ဝန်ထမ်း ၏ လစာဝင်ငွေအား မော်တော်ယာဉ် ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်တင်ပြ၍ ရ/မရ သိရှိလိုခြင်း။

Answer

မော်တော်ယာဉ်ဝယ်ယူရာတွင် ဝန်ထမ်း၏ လစာဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ပါသည်။ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းမကျော်သဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများပါ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုသဖြင့် ကင်းလွတ်ခွင့်ရရှိသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားများကို တင်ပြရမည်ဖြစ်ပါသည်။ 

Question

ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီး လစာတစ်လသုံးသိန်းခွဲရရှိသော ဝန်ထမ်း၏ လစာဝင်ငွေအား မော်တော်ယာဉ် ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်တင်ပြ၍ ရ/မရ သိရှိလိုခြင်း။