ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအတွက် Sim Card များ ရောင်းချရာတွင် ဝယ်ယူသူ၏ အမည် စာရင်း ရေးသွင်းဆောင်ရွက်ခြင်းပြုလုပ်ပေးရသည့် ဝန်ဆောင်မှုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခု က ၄င်းရရှိငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ၄င်းလုပ်ငန်းအပေါ် မည်သို့ဆောင်ရွက်

Answer

Sim Card များရောင်းချခြင်းအတွက် ဝယ်ယူသူ၏အမည်စာရင်းရေးသွင်း ဆောင်ရွက်ခြင်း ပြုလုပ်ပေးမည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ဃ) အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု(၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ်လုပ်ငန်း ခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီသည် သက်ဆိုင်ရာအခွန်ရုံးသို့ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ အရ ပတခ(ကသခ)-၁ နှင့် ပတခ(ကသခ)-၃ ပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်တင်ပြပြီး လုပ်ငန်းရှင်အားမှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေးသည့်လက်မှတ် ပတခ (ကသခ)-၂ အား ထုတ်ယူရန်လိုအပ်ပါသည်။ အဆိုပါ ပတခ(ကသခ)-၂ အား ဘဏ္ဍာနှစ်တစ်နှစ် ချင်းအလိုက် လျှောက်ထားထုတ်ယူရမည် ဖြစ်ပါသည်။

Question

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအတွက် Sim Card များ ရောင်းချရာတွင် ဝယ်ယူသူ၏ အမည် စာရင်း ရေးသွင်းဆောင်ရွက်ခြင်းပြုလုပ်ပေးရသည့် ဝန်ဆောင်မှုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခု က ၄င်းရရှိငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ၄င်းလုပ်ငန်းအပေါ် မည်သို့ဆောင်ရွက်ရပါကြောင်းနှင့်မည်သည့် အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်း ခြင်း။