နယ်စပ်တွင်ဖမ်းဆီးရမိသောကျောက်စိမ်းတုံးများကိုနေပြည်တော်သို့သယ်ယူရာတွင်ကုန်ကားများကိုငှားရမ်း၍သယ်ယူခဲ့ရပါသည်။ကားငှားစဉ်ကစာချုပ်ချုပ်ဆိုငှားရမ်းခြင်းမဟုတ်ပါ။ ထိုဒေသရှိကြုံရာကားကိုငှားခဲ့ပါသည်။၎င်းကားငှားခပေးချေခြင်းအတွက် Withholding Tax နုတ်ယူပေးသွင်းရန်
Answer
နယ်စပ်တွင်ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများကို နေပြည်တော်သို့သယ်ယူရာတွင် ကုန်ကားများကိုငှားရမ်း၍ သယ်ယူခဲ့ခြင်းအတွက် ကားငှားခပေးချေခြင်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ အရ နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ်သိန်း ၁၀အထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရပါ။ စုစုပေါင်းပေးချေငွေသည် ကျပ်သိန်း ၁၀ ထက်ကျော်လွန်ပါက Withholding Tax ၂% နုတ်ယူပေးသွင်းရပါမည်။
Question
နယ်စပ်တွင် ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများကို နေပြည်တော်သို့သယ်ယူရာတွင် ကုန်ကားများကိုငှားရမ်း၍ သယ်ယူခဲ့ရပါသည်။ ကားငှားစဉ်ကစာချုပ်ချုပ်ဆိုငှားရမ်းခြင်းမဟုတ်ပါ။ ထိုဒေသရှိ ကြုံရာကားကိုငှားခဲ့ပါသည်။ ၎င်းကားငှားခ ပေးချေခြင်းအတွက် Withholding Tax နုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။
FAQ Category