နိုင်ငံ့ဝန်ထမ်း အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်နှင့်ကရုဏာကြေး တို့အပေါ် ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုထားပါသဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့် ပင်စင် နှင့် လုပ်သက်ဆုငွေ ကရုဏာကြေးတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိ/မရှိမေးမြန်းခြင်း

Answer

ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ်(၃)တွင် ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့ အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိကြောင်း အစားထိုးပြဋ္ဌာန်းခဲ့သဖြင့် နိုင်ငံ့ဝန် ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့်ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိ သောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပါသည်။

Question

ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၃) တွင် ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၃ ပုဒ်မခွဲငယ် (င) တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်နှင့်ကရုဏာကြေး တို့အပေါ် ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုထားပါသဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့် ပင်စင် နှင့် လုပ်သက်ဆုငွေ ကရုဏာကြေးတို့အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရှိ/မရှိ မေးမြန်းခြင်း။