ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှ Steel ပစ္စည်းများတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ရောင်းချမည်ဖြစ်ရာ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ % အားခုနှိမ်၍ ရ/မရကို သိလိုသဖြင့်မေးမြန်းခြင်း။
Answer
ပြည်ပမှ Steel ပစ္စည်းများတင်သွင်းစဉ်၌ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅% အား ကြိုတင်ခွန်များအဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချရာ၌ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဂ)(၁) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့် မည်ဖြစ်ပါသည်။ ပြန်လည်ရောင်းချရာတွင် ကျသင့်အခွန်၌ တင်သွင်းစဉ်ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်အား ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂၊ ပြည်ပမှ တင်သွင်းခြင်းသက်သေခံ လက်မှတ်ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပ မှတင်သွင်းစဉ် ကုန်စည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်းပုံစံ ပတခ(ကသခ) - ၃၃ တို့ကို နှစ်စောင်ပြုစုလျက် မူရင်းအား လက်ခံအဖြစ်ထားရှိကာ မူရင်းခွဲ အား ရောင်းချသည့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် အခွန်ဦးစီးဌာနမှူး ထံတင်ပြရမည်ဖြစ်ပါသည်။
Question