ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ၏လစာမှ လစာဝင်ငွေခွန် ပေးဆောင်ရခြင်းနှင့် မည်သို့ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။
Answer
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၉ အရ မည်သူမဆိုအလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့် ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆(က) အရ လစာခေါင်းစဉ်နှင့် အကျုံး ဝင်သော ငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန်တာဝန်ရှိသူသည် ထိုငွေထုတ်ပေး ချိန်၌ ထုတ်ပေးသည့်ငွေမှ ကျသင့်သောအခွန်ကို နုတ်ယူရမည်။ ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် သူ၏နှစ်တစ်နှစ်အတွင်း အဆိုပါခေါင်းစဉ်မှ ဝင်ငွေတစ်ရပ်ရပ်ပေါင်းအပေါ် ကျသင့်မည့် အခွန်ကို အညီအမျှအရစ်များဖြင့် နှုတ်ယူပြီးပေးသွင်းရမည် ဟုပြဌာန်းထားပါသည်။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၈ အရ အလုပ်ရှင်တစ်ဦးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း လစာ နှစ်ချုပ်စာရင်းကို စည်းမျဉ်းများဖြင့် ပြဌာန်းထားသည့်အတိုင်း နှစ်စဉ်ပေးပို့ရမည် ဖြစ်ပါ သည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ အရ လစာခေါင်းစဉ်ဖြင့် ဝင်ငွေရရှိသူများသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉ (ဂ) အရ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်း နေနိုင်ငံခြားသားဖြစ်ပါက လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် (၄၈)သိန်းအထက်ရရှိသူ ဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာလိုက်နှုန်းထား ၀% မှ ၂၅% ထိ ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပနေနိုင်ငံခြား သားဖြစ်ပါက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ သက်သာ ခွင့်များနုတ်ပယ်ခြင်းမပြုဘဲရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၉ (ဂ) ပါ အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ၏လစာမှ လစာဝင်ငွေခွန် ပေးဆောင်ရခြင်းနှင့် မည်သို့ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။