ပြည်ပမှ မော်တော်ကားများ တင်သွင်းသည့်ကုမ္ပဏီတစ်ခုက တင်သွင်းစဉ် ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ဝင်ငွေခွန် ၂% ကြိုတင်ပေးဆောင်ခဲ့ပါကြောင်း၊ ယာဉ်မှတ်ပုံတင်ဆောင်ရွက်သည့် အချိန်တွင် ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်ဟု သိရှိထားပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် တွက်ချက်ကောက်
Answer
ပြည်ပမှ မော်တော်ယာဉ်များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်သည့်အချိန်တွင် တင်သွင်းလာသည့် ယာဉ်၏ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ဝင်ငွေခွန် ၁၅ % မှ ၃၀ % ထိ ပေးဆောင်ရခြင်းအား ယာဉ်မှတ်ပုံတင်ဆောင် ရွက်ပေးလျက်ရှိသည့် ရန်ကုန်မြို့ရှိ၊ အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း (အောက်)၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန တွင် ၁- ၆-၂၀၁၆ နေ့မှ စတင်၍ One Stop Services အစီအစဉ်ဖြင့် စတင်ကောက်ခံဆောင်ရွက်ခဲ့ပါသည်။ မန္တလေးမြို့ရှိ၊ ၆၅ လမ်း၊ ၂၂ x ၂၃ ကြား တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင်လည်း One Stop Services အစီအစဉ် ကို ၁- ၆-၂၀၁၆ နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Question
ပြည်ပမှ မော်တော်ကားများ တင်သွင်းသည့်ကုမ္ပဏီတစ်ခုက တင်သွင်းစဉ် ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ဝင်ငွေခွန် ၂% ကြိုတင်ပေးဆောင်ခဲ့ပါကြောင်း၊ ယာဉ်မှတ်ပုံတင်ဆောင်ရွက်သည့် အချိန်တွင် ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်ဟု သိရှိထားပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် တွက်ချက်ကောက်ခံပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။