လူပုဂ္ဂိုလ်တစ်ဦးမှ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာဝယ်ယူလိုသဖြင့် အစုရှယ်ယာဝယ်ယူခြင်း အပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။
Answer
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ (ထ) အရ အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်း တို့၏ အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာမတည်ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် အစုရှယ်ယာနှင့်ကတိဝန်ခံချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့သော အလားတူစာချုပ် စာတမ်းများပါဝင်ပါသဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ ဝယ်ယူခြင်းအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅ အရ ဝင်ငွေ ရလမ်းတင်ပြနိုင် သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားလုံးနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေ အပေါ်တွင်လည်းကောင်း ၁ ကျပ် မှ ကျပ် ၃၀,၀၀၀,၀၀၀ ထိ ၁၅%၊ ၃၀,၀၀၀,၀၀၁ ကျပ် မှ ကျပ် ၁၀၀,၀၀၀,၀၀၀ ထိ ၂၀% ၊ ၁၀၀၀၀၀၀၀၁ ကျပ် နှင့်အထက် ၃၀% ဖြင့် ပေးဆောင်ရ မည်ဖြစ်ပါသည်။
Question
လူပုဂ္ဂိုလ်တစ်ဦးမှ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာဝယ်ယူလိုသဖြင့် အစုရှယ်ယာဝယ်ယူခြင်း အပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။