၁-၆-၂၀၁၈ ရက်နေ့မတိုင်မီကစာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့သောODA Loan ချေးငွေကိစ္စရပ်များနှင့်စပ်လျဉ်း၍ဝင်ငွေခွန်ကင်းလွတ်ခွင့်လျှောက်ထားခြင်းအတွက် မည်ကဲ့သို့ဆောင် ရွက်ရမည်ကိုသိရှိလိုပါသည်။
Answer
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်သဖြင့် ယင်းနေ့မတိုင်ခင်က စာချုပ် ချုပ်ဆို၍ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များသည် နိုင်ငံတော်သမ္မတရုံး၏ ၅-၁၀-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၁၀၀(၁)/၇/ သမ္မတရုံးပါ ညွှန်ကြားချက်နှင့်အညီ ချုပ်ဆိုထားသည့် ကိစ္စရပ်များ ဖြစ်ပါက အခွန်ကင်းလွတ်ခွင့်ရရှိရန် ယခင်အတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့နောက်ပိုင်း ကိစ္စရပ်များဖြစ်ပါက အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။
Question
၁-၆-၂၀၁၈ ရက်နေ့မတိုင်မီက စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့သော ODA Loan ချေးငွေကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားခြင်းအတွက် မည်ကဲ့သို့ဆောင် ရွက်ရမည်ကိုသိရှိလိုပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ နှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ကိုလည်းသိရှိလိုပါသည်။