အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

အဆောက်အဦငှားရမ်းခြင်းအတွက် ၁၅ နှစ်စာ စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ ထမ်းဆောင်ထားပြီး ငှားရမ်းကာလ ၁၅ နှစ်မပြည့်သော်လည်း ပိုင်ရှင်အမည် ပြောင်းလဲသွားပါက မူလစာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ပါသဖြင့် ပိုင်ရှင်အသစ်အမည်ဖြင့် အငှားစာချုပ် ထပ်မံချုပ်ဆိုပြီး တံဆိပ်ခေါင်းခွန်လည်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

အဆောက်အဦငှားရမ်းခြင်းအတွက် ၁၅ နှစ်စာ စာချုပ်အပေါ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ ထမ်းဆောင်ထားပြီး ငှားရမ်းကာလ ၁၅ နှစ်မပြည့်သော်လည်း ပိုင်ရှင်အမည် ပြောင်းလဲသွားပါက စာချုပ်အသစ် ထပ်မံချုပ်ဆိုရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း