လိုင်စင်ရတံဆိပ်ခေါင်းရောင်းချခွင့် လိုင်စင်ရရှိလိုပါသဖြင့် မည်သူ့ထံလျှောက်ထားရမည်၊ မည်သည်တို့ကို တင်ပြရမည်တို့ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လျှောက်ထားသူ၏အမည်၊ အသက်၊ အဖအမည်၊ မှတ်ပုံ တင်အမှတ်၊ နေရပ်လိပ်စာနှင့် တံဆိပ်ခေါင်းရောင်းချမည့်နေရာ သို့မဟုတ် ဆိုင်၏လိပ်စာ တို့ကိုဖော်ပြ၍ မိမိနေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးထံတွင် လျှောက်ထားရ မည်ဖြစ်ပါသည်။

Question

လိုင်စင်ရတံဆိပ်ခေါင်းရောင်းချခွင့် လိုင်စင်ရရှိလိုပါသဖြင့် မည်သူ့ထံလျှောက်ထားရမည်၊ မည်သည်တို့ကို တင်ပြရမည်တို့ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း

Answer

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြလျှင် အိမ်ငှားရမ်းသူ (အိမ်ငှား) က မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမှီဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ ထိုက် သင့်သည့်တံဆိပ်ခေါင်းကို ထမ်းဆောင်ရမည်။ အိမ်ငှားရမ်းသူ (အိမ်ရှင်) က အိမ် ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး မှူးရုံးသို့ လာရောက်တင်ပြသည့်အခါ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ကျနစွာ ကပ်မထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ်အခွန်ဦးစီးမှူးက ပုဒ်မ ၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း ၏(၁၀) ဆနှင့်ညီမျှသောဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေအား စာချုပ်တင်ပြသူ (အိမ်ရှင်) က ပေး ဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်လျှင် ယင်းသို့မဆောင်ရွက်နိုင်ပါ။

Question

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြပြီး ယင်းစာချုပ်အပေါ် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်အား ငှားရမ်းမည့်သူ (အိမ်ငှား) က ထမ်းဆောင်ရန် ဖြစ်သော်လည်း ငှားရမ်းမည့်သူ (အိမ်ရှင်) က ထမ်းဆောင်ထားခြင်းမရှိသည့်ကိစ္စရပ်တွင် ငှားရမ်းသူ (အိမ်ရှင်) က အိမ်ငှားရမ်းခ ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးသို့ လာ ရောက်တင်ပြသည့်အခါ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း။

အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း

Answer

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင် အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ် စာတမ်းတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၄၀) အရ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % တံဆိပ်ခေါင်း ခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင်အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ်စာတမ်း၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း။

ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အရောင်းအဝယ်ပြုလုပ် ရာတွင် ကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး % များတူမတူမေးမြန်းခြင်း။

Answer

ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ အရောင်းအဝယ် ပြုလုပ်ရာ တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းစာချုပ်ဖြစ်၍ ထမ်းဆောင်ရမည့်တံဆိပ်ခွန်နှုန်းမှာ တူညီပါသည်။ သို့ရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းသည့်စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် ၂ % အပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါပစ္စည်း တည်ရှိရာနေရာရှိဈေး ကွက်ပေါက်ဈေးနှင့်အညီ ထမ်း ဆောင်စေရမည်ဖြစ်ပါသည်။

Question

ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အရောင်းအဝယ်ပြုလုပ် ရာတွင် ကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး % များတူမတူမေးမြန်းခြင်း။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး မေးမြန်းခြင်း

Answer

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) တွင် စာချုပ်စာတမ်း အမျိုးအစား (၆၅) မျိုး ပြဌာန်းထားရာ စာချုပ်အမျိုးအစားများအလိုက် ကွဲပြားခြားမှု ရှိသဖြင့် စာချုပ်များအပေါ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးများမှာလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။

Question

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး မေးမြန်းခြင်း။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏ ရှိ/ မရှိ မေးမြန်းခြင်း

Answer

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ် ခေါင်းအက် ဥပဒေ ပုဒ်မ ၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စာချုပ်စာတမ်းတစ်ရပ်ရပ်ကို တံဆိပ်ခေါင်းခွန်လျော့ပေါ့ သို့မဟုတ် ကင်းလွတ် ခွင့်ပြုသည့်ကိစ္စမှတစ်ပါးအခြား မည်သည့်အရောင်းအဝယ်စာချုပ်စာတမ်းကိုမဆို ဇယား (၁) အမှတ်စဉ် (၂၃) အရ တံဆိပ် ခေါင်းခွန်ထိုက်သင့်မည်ဖြစ်ပါသည်။

Question

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏ ရှိ/ မရှိ မေးမြန်းခြင်း။

အရောင်းအဝယ်တန်ဖိုးမည်မျှကို တံဆိပ်ခေါင်းမည်မျှ ပမာဏကပ်ရမည်နည်း

Answer

အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ် စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းဖြစ်၍ ထိုက်သင့် တံဆိပ်ခေါင်းခွန်မှာ ၁-၁၀-၂၀၁၆ မှစတင်၍ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၂ % ဖြင့်ထမ်းဆောင် ရမည်ဖြစ်ပါသည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွဲပြောင်း သည့်စာချုပ်စာတမ်းများချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့်တံဆိပ်ခေါင်းခွန် ၂ % အပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက် ပေါက်ဈေးနှင့်အညီ ထမ်းဆောင်စေရမည် ဖြစ်ပါသည်။

Question

အရောင်းအဝယ်တန်ဖိုးမည်မျှကို တံဆိပ်ခေါင်းမည်မျှ ပမာဏကပ်ရမည်နည်း။

တံဆိပ်ခေါင်းမူရင်းပါ စာချုပ်ကို မည်သူကယူထားသင့်သနည်း။

Answer

စာချုပ်တွင် တံဆိပ်ခေါင်းခွန် ပြည့်စုံစွာကပ်ထားလျှင် စာချုပ်မူရင်းနှင့် မူရင်းခွဲ၏ အကျိုးသက် ရောက်မှုပုံစံမှာ တူညီသောကြောင့် မည်သူကယူထားသင့်ကြောင်းကို သတ်မှတ်ထားခြင်းမရှိပါ။

Question

တံဆိပ်ခေါင်းမူရင်းပါ စာချုပ်ကို မည်သူကယူထားသင့်သနည်း။

တံဆိပ်ခေါင်းကို ဝယ်ယူရာတွင် လိုအပ်သောစာရွက်စာတမ်းများရှိ/ မရှိ မေးမြန်း ခြင်း

Answer

တံဆိပ်ခေါင်းကို ဝယ်ယူရာတွင် လိုအပ်သောစာရွက်စာတမ်းများကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ပုံစံ (ဃ) တွင်ရေးဖြည့်ရမည့် တံဆိပ်ခေါင်း ဝယ်ယူ သူ၏ အချက်အလက်များအား ရေးသွင်းရန်လိုအပ်ပါသည်။

Question

တံဆိပ်ခေါင်းကို ဝယ်ယူရာတွင် လိုအပ်သောစာရွက်စာတမ်းများရှိ/ မရှိ မေးမြန်း ခြင်း။

စာချုပ်တံဆိပ်ခေါင်းဖြင့် တရားဝင်ချုပ်ဆိုထားသော စာချုပ်များတွင် အခွန်တံဆိပ် ခေါင်း ထပ်မံကပ်ရန် လို/ မလိုမေးမြန်းခြင်း

Answer

တရားဝင်ချုပ်ဆိုထားသောစာချုပ်များတွင် ကပ်နှိပ်ထားသော တံဆိပ်ခေါင်းတန်ဖိုး သည် စာချုပ်အမျိုးအစားအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း ကျသင့်သော တံဆိပ်ခေါင်းတန်ဖိုး ဖြစ်ရမည့်အပြင် ပြည့်စုံကျနစွာထမ်းဆောင်ရန်လိုအပ်ပါသည်။ တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများအားလုံးကို စာချုပ်မချုပ်ဆိုမှီ ဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ပါ သည်။ တံဆိပ်ခေါင်းခွန် ပြည့်စုံကျနစွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ် စာတမ်းများကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (၁) အရ သိမ်းချုပ်ခြင်းပြုရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ ဒဏ်ကြေး (၁၀) ဆ တပ်ရိုက်ရမည် ဖြစ်သည်။

Question

စာချုပ်တံဆိပ်ခေါင်းဖြင့် တရားဝင်ချုပ်ဆိုထားသော စာချုပ်များတွင် အခွန်တံဆိပ် ခေါင်း ထပ်မံကပ်ရန် လို/ မလိုမေးမြန်းခြင်း။