ကုမ္ပဏီတစ်ခုသည် မိခင်ကုမ္ပဏီကြီးသို့ ကုမ္ပဏီပိုင် ပြောင်းရွှေ့နိုင်သောပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်း၊ ရောင်းချမည်ဖြစ်ရာ ထိုပစ္စည်းလွှဲစာချုပ်အပေါ် တွင် တံဆိပ်ခေါင်းခွန်မည်မျှထိုက်သင့်မည်ကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။
Answer
ကုမ္ပဏီတစ်ခုသည် မိခင်ကုမ္ပဏီကြီးသို့ ကုမ္ပဏီပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်း၊ ရောင်းချခြင်းသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၂၃) ပါပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်းတွင် အကျုံးဝင်ပါသဖြင့် ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ်တွင် ၂% နှင့် အပိုတံဆိပ်ခေါင်းခွန် ၂% စုစုပေါင်း ၄ % ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို စာချုပ်ချုပ်ဆို ၍လွှဲပြောင်းရောင်းချလျှင် ယင်းစာချုပ်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေနောက် ဆက်တွဲဇယား (၁) အမှတ်စဉ် (၆၂) အရ ပစ္စည်းလွှဲစာချုပ်ဖြစ်ပါသဖြင့် တန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်း ရောင်းချသည့် ပစ္စည်းလွှဲစာချုပ်တွင် အပိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်မရှိပါ။ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂၉ အရ ပစ္စည်းလွှဲစာချုပ်စာတမ်း နှင့်ပတ်သက် ၍ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်တာဝန်ရှိသူမှာ ဝယ်ယူသူဖြစ်ပါသည်။
Question