တစ်ဆင့်ခံရောင်းသည့်သူများက ၅၀၀ ကျပ်တန်ထီကို ပြင်ပတွင် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ၇၀၀ ကျပ်စသည့်ဖြင့်ရောင်းချကြကြောင်း၊ ၁၀၀၀ ကျပ်တန်သတ်မှတ်လိုက်လျှင်လည်း တိုးမြှင့် ရောင်းချတာတွေရှိမှာဖြစ်သောကြောင့် သတ်မှတ်ဈေးနှုန်းထက်ပိုပြီး ရောင်းချတာ တွေကို ဌာနအနေနဲ့ မည်ကဲ့သို

Answer

ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သွားသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းအခွန် များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က e-Lottery လုပ်နိုင်ခဲ့လျှင် ဈေးနှုန်းတိုးမြှင့် ရောင်း ချသည့်ကိစ္စများ ကင်းစင်ပပျောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Question

တစ်ဆင့်ခံရောင်းသည့်သူများက ၅၀၀ ကျပ်တန်ထီကို ပြင်ပတွင် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ၇၀၀ ကျပ်စသည့်ဖြင့်ရောင်းချကြကြောင်း၊  ၁၀၀၀ ကျပ်တန်သတ်မှတ်လိုက်လျှင်လည်း တိုးမြှင့် ရောင်းချတာတွေရှိမှာဖြစ်သောကြောင့် သတ်မှတ်ဈေးနှုန်းထက်ပိုပြီး ရောင်းချတာ တွေကို ဌာနအနေနဲ့ မည်ကဲ့သို့သတ်မှတ်ထိန်းချုပ်ဖို့ရှိပါသည်ကို သိရှိလိုခြင်း။

FAQ Category

ဆုကြေးကို မည်မျှချီးမြှင့်သွားရန်ရှိကြောင်းမေးမြန်းခြင်း။

Answer

ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ဝေရောင်းချသော အောင်ဘာလေထီသည် ထီစာအုပ် ရောင်းရငွေ စုစုပေါင်း၏ ၆၀ % ကို ဆုမဲအနေနဲ့ ပြန်ခွဲပေးခြင်းဖြစ်ပါသည်။ အုပ်ရေမည်မျှ ထုတ်ဝေရောင်းချရမည်ဖြစ်ကြောင်း ခန့်မှန်းမသိရသေးသဖြင့် ဆုမဲခွဲဝေသည့်ကိစ္စနှင့် ပတ်သက်၍ ပြောကြား၍မရပါ။

Question

ဆုကြေးကို မည်မျှချီးမြှင့်သွားရန်ရှိကြောင်းမေးမြန်းခြင်း။

FAQ Category

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ်သိန်းတစ်သောင်း အထက်ချီးမြှင့်မည့် ကျပ် ၁၀၀၀ တန်ထီကို စတင်ရောင်းချတော့မည်ဟု သိရပါ၍ အဆိုပါထီကို စတင်ရောင်းချမည့် အချိန် ကို သိရှိလိုခြင်း။

Answer

ကျပ် ၁၀၀၀ တန်ထီ ထုတ်ဝေမည့်ကိစ္စကို ဝန်ကြီးရုံးသို့ တင်ပြ ထားဆဲဖြစ်ပါသည်။ ဝန်ကြီးရုံး၏ခွင့်ပြုချက်ရရှိမှ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ်သိန်းတစ်သောင်း အထက်ချီးမြှင့်မည့် ကျပ် ၁၀၀၀ တန်ထီကို စတင်ရောင်းချတော့မည်ဟု သိရပါ၍ အဆိုပါထီကို  စတင်ရောင်းချမည့် အချိန် ကို သိရှိလိုခြင်း။

FAQ Category

နိုင်ငံခြားကငွေလွှဲတာနဲ့ပတ်သက်ပြီး တခြားဖြည့်စွက် ပြောချင်တာရှိရင်ပြောပေး ပါရန် မေးမြန်းခြင်း။

Answer

အကယ်၍ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပြောင်းထားသည့် အထောက်အထား တင်ပြ နိုင်ပါက ပြည်ပမှရရှိတဲ့ဝင်ငွေကို ဝင်ငွေရလမ်းအဖြစ် ခံစားခွင့်ရှိမှာဖြစ်သဖြင့် ပြည်ပ၌ အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်ငွေလွှဲပြောင်းပေးပို့ကြရန် လိုအပ် ပါသည်။

Question

နိုင်ငံခြားကငွေလွှဲတာနဲ့ပတ်သက်ပြီး တခြားဖြည့်စွက် ပြောချင်တာရှိရင်ပြောပေး ပါရန် မေးမြန်းခြင်း။

FAQ Category

ထိုကဲ့သို့တရားမဝင်လုပ်ကိုင်ခြင်းကို တရားဝင်ဖြစ်စေရန်အတွက် မည်ကဲ့သို့စည်းရုံး လှုံ့ဆော်မှုများလုပ်နေသည်ကို သိရှိလိုခြင်း။

Answer

ငွေလွှဲပြောင်းသည့်ကိစ္စသည် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များတွင် ပါဝင်ခြင်းမရှိပါ။

Question

ထိုကဲ့သို့တရားမဝင်လုပ်ကိုင်ခြင်းကို တရားဝင်ဖြစ်စေရန်အတွက် မည်ကဲ့သို့စည်းရုံး လှုံ့ဆော်မှုများလုပ်နေသည်ကို သိရှိလိုခြင်း။

FAQ Category

ပြည်ပမှ တရားမဝင် ငွေလွှဲပြောင်းခြင်းကြောင့် နစ်နာနိုင်သည့်ကိစ္စများကို သိရှိလိုခြင်း။

Answer

ပြည်ပမှ တရားမဝင်ငွေလွှဲပြောင်းသူများသည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ၍ အိမ်၊ မြေ၊ ကား၊ အစုရှယ်ယာ အစရှိသော အခြေပစ္စည်းများ ဝယ်ယူသောအခါတွင် ဝင်ငွေရလမ်း တင်ပြနိုင်သည့် အခွင့်အရေးဆုံးရှုံးပါမည်။

Question

ပြည်ပမှ တရားမဝင် ငွေလွှဲပြောင်းခြင်းကြောင့် နစ်နာနိုင်သည့်ကိစ္စများကို သိရှိလိုခြင်း။

FAQ Category

နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူတွေ၏ဝင်ငွေအပေါ် အခွန်ကောက်ခံသော အခြေအနေ သိရှိလိုပါသည်။ မရှိပါက မည်သည့်အချိန်ကတည်းက အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိလိုပါသည်။

Answer

နိုင်ငံခြားမှာအလုပ်သွားလုပ်နေသူ ( ပြည်ပနေနိုင်ငံသား) ၏ ပြည်ပမှာ နိုင်ငံခြားငွေဖြင့်ရရှိ သော  လစာခေါင်းစဉ်မှ ဝင်ငွေကို ၁-၁-၂၀၁၂ ရက်နေ့ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၇/ ၂၀၁၁ နဲ့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ ယခုလက်ရှိ တွင်လည်း နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများတွင် ပြည်ပနေ နိုင်ငံသားများ၏ လစာခေါင်းစဉ်မှ ဝင်ငွေကို ကင်းလွတ်ခွင့်ပြုပေးထားပါသည်။

                   လစာဆိုရာတွင် ''မည်သူမဆို  အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည်"ဟု ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ တွင် ပြဌာန်းထားပါသည်။        နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်သောသူများ၏ လစာခေါင်းစဉ်မှလွဲ၍ ကျန် ဝင်ငွေအတွက် နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀% ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါသည်။

Question

နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူတွေ၏ဝင်ငွေအပေါ် အခွန်ကောက်ခံသော အခြေအနေ သိရှိလိုပါသည်။ မရှိပါက မည်သည့်အချိန်ကတည်းက အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိလိုပါသည်။

FAQ Category

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာ စာအမှတ် ၃၈/၂၀၁၈ ထုတ်ပြန်ရခြင်း ၏ ရည်ရွယ်ချက်ကို သိရှိလိုပါသည်။

Answer

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်က ရယူ ဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (Official Development Assistant Loan-ODA Loan) တို့ဖြင့် ဆောင်ရွက်နေသော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများအနေဖြင့် ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ခွင့်များ ကို အပြည့်အဝခံစားခွင့်ရရှိနိုင်ရန်နှင့် အခွန်ကင်းလွတ်ခွင့်မရရှိနိုင်သည့် ကိစ္စရပ်များကိုလည်း ရှင်းလင်းစွာသိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယင်းအမိန့်ကြော်ငြာစာအား ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

Question

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာ စာအမှတ် ၃၈/၂၀၁၈ ထုတ်ပြန်ရခြင်း ၏ ရည်ရွယ်ချက်ကို သိရှိလိုပါသည်။

FAQ Category

ရခိုင်ပြည်နယ်၏ အထူးကုန်စည်ခွန် ကောက်ခံရရှိမှု အခြေအနေ ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အား နှိုင်းယှဉ်ရာတွင် ၂၀၁၇-၂၀၁၈ ၌ ပိုမိုကောက်ခံရရှိခြင်းသည် မည် သည့် ကဏ္ဍမှဖြစ်ကြောင်းသိရှိလိုခြင်း။

Answer

ရခိုင်ပြည်နယ်၏ အထူးကုန်စည်ခွန် ကောက်ခံရရှိမှုသည် ပြည်တွင်းထုတ်လုပ်မှု ခေါင်းစဉ် တစ်မျိုးတည်းကသာ ကောက်ခံရရှိခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင် ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပိုမိုကောက်ခံရရှိခြင်းဖြစ်ပါသည်။