ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှုအခြေအနေ

နေပြည်တော် သြဂုတ်လ ၁၆ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၁၅၃၃.၁၄၈ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၇၃% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၈၇.၇၆၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၃၉၈ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၂၄၄.၉၈၄ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးခြင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၅၈၀.၈၁၃ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈.၅၈၃ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၃၆၂.၆၁၈ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၈.၂၄၆ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ၃၂.၈၈၈ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။