ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော်  မတ်  ၁၈

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၂၃၇.၅၁၅ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၃၆.၀၉%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၅၉.၆၆၀ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၇၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၇၇၆.၉၈၁ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန်တစ်မျိုးခြင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၈၈၈.၉၁၀ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၇၈၃.၄၄၅ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၄၈၆.၃၃၄ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၄.၇၉၅ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၅၄.၀၃၁ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။