ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ဒီဇင်ဘာလ ၁၆

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅၉၉.၁၂၃ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၈.၃၅ % ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၃၅.၈၃၈ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၀၇၄ ဘီလီယံ နှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၅၆၃.၂၁၁ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၅၃.၇၀၉ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၉၇.၉၅၁ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၈၉.၁၆၅ ဘီလီယံ၊ ရတနာခွန် ကျပ် ၀.၁၇ ဘီလီယံ၊ တံဆိပ်ခေါင်း ခွန် ကျပ် ၃၀.၆၀၂ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၂၇.၅၂၆ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။