အောင်ဘာလေသိန်းဆုထီ ကံစမ်းသူ မိဘပြည်သူများအား လစဉ်ထီတိုက်ကြရန် နှိုးဆော်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုထီ ကံစမ်းသူ မိဘပြည်သူများအား လစဉ်ထီတိုက်ကြရန် နှိုးဆော်ခြင်း

  • ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်း မရှိသော အောင်ဘာလေဆုမဲများကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း လစဉ် လဆန်း (၁)ရက်နေ့တိုင်း နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ အသိပေးလျှက်ရှိပါသည်။
  • သို့ရာတွင် လာရောက်ထုတ်ယူခြင်းမရှိသော ထီဆုမဲများမှာ လစဉ်ကျန်ရှိနေ၍ ပြည်သူ့ ဘဏ္ဍာငွေအဖြစ် သိမ်းယူနေရပါသည်။
  • သို့ဖြစ်ပါ၍ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ရောင်းချသော အောင်ဘာလေထီလက်မှတ်များကို ဝယ်ယူကံစမ်းကြသူ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ထီလက်မှတ်များကို ထီပေါက်စဉ်နှင့်တိုက်ကြည့်ပြီး ထီပေါက်ခြင်း ရှိ/မရှိ ကိုယ်တိုင် စစ်ဆေးပေးကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
  • ထီပေါက်စဉ်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.irdmyanmar.gov.mm တွင်လည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများတွင် လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျှက်ရှိပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန