(၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် လ ၂၆  ရက်)

၁။   ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ကျင်းပမည့် (၁၇)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကစ’’ ထိ စုစုပေါင်းအက္ခရာ(၃၉)လုံး ရောင်းချခဲ့ပါသည်။

၂။   (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၃၉) လုံး ဖြစ်၍ ၊ ထီစာအုပ်(၃၁၉၀၉၀၂) အုပ်ဖြစ်ပြီး၊ ထီလက်မှတ်စောင်ရေမှာ (၃၅၀၉၉၉၂၂) စောင် ဖြစ်ပါသည်။

၃။   ထီလက်မှတ်များ ရောင်းချရငွေမှာ  ကျပ်သန်း (၃၁၉၀၉.၀၂၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့်  ထီဆုငွေမှာ ကျပ်သန်း (၁၉၁၄၅.၄၁၂) ဖြစ်ပါသည်။

၄။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့်  ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်

(၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
(၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
(၃) ကျပ်သိန်းငါးထောင် = (၂) ဆု
(၄) ကျပ်သိန်းနှစ်ထောင်  = (၅) ဆု
(၅) ကျပ်သိန်းတစ်ထောင်  = (၇) ဆု

(ခ) ဆုတစ်ဆုချင်းစနစ်

(၁) ကျပ်သိန်းငါးရာ = (၁၈) ဆု
(၂) ကျပ်သိန်းနှစ်ရာ = (၂၁) ဆု
(၃) ကျပ်သိန်းတစ်ရာ = (၂၆) ဆု
(၄) ကျပ်သိန်းငါးဆယ် = (၂၆) ဆု
(၅) ကျပ်သိန်းနှစ်ဆယ် = (၂၉) ဆု
(၆) ကျပ်ဆယ်သိန်း = (၃၂) ဆု

(ဂ)ဝေဝေဆာဆာပဒေသာဆုမဲစနစ်

(၁) ကျပ် သုံးသိန်း = (၁၅၀) ဆု
(၂) ကျပ် နှစ်သိန်း = (၁၅၀၀) ဆု
(၃) ကျပ် တစ်သိန်း = (၁၈၀၀၀) ဆု
(၄) ကျပ် ငါးသောင်း = (၂၀၀၀၀၀) ဆု

၅။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁သိန်း (၂၀၀၀) ဆု  စုစုပေါင်း( ၂၂၂၄)ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၆။   (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၇.၂၀၂၀)ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ နံနက်(၇:၃၀)နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။