(၁) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီဆုမဲခွဲဝေပုံ ကြေညာချက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက်)
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကျင်းပမည့် (၁) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို "က" အက္ခရာမှ အစဉ်လိုက် "အ" အက္ခရာထိ အက္ခရာ (၃၃) လုံးနှင့် "ကက" အက္ခရာမှ အစဉ်လိုက် "ကဆ" အက္ခရာထိ အက္ခရာ (၇) လုံး၊ စုစုပေါင်း အက္ခရာ (၄၀) လုံးရောင်းချခဲ့ရပါသည်။
၂။ (၁) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချသည့်အက္ခရာမှာ (၄၀) လုံးဖြစ်၍၊ ထီစာအုပ် (၃၂၇၂၇၂၀) အုပ်ဖြစ်ပြီး၊ ထီလက်မှတ်စောင်ရေမှ (၃၅၉၉၉၉၂၀) စောင်ဖြစ်ပါသည်။
၃။ ထီလက်မှတ်စာအုပ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း (၃၂၇၂၇.၂၀၀) ဖြစ်သဖြင့် ၆၀% ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း (၁၉၆၃၆.၃၂၀) ဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုမဲများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အထူးဆုကြီးစနစ်
(၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
(၂) ကျပ်သိန်းငါးထောင် = (၃) ဆု
(၃) ကျပ်သိန်းနှစ်ထောင် = (၅) ဆု
(၄) ကျပ်သိန်းတစ်ထောင် = (၅) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
(၁) ကျပ်သိန်းငါးရာ = (၄) ဆု
(၂) ကျပ်သိန်းနှစ်ရာ = (၅) ဆု
(၃) ကျပ်သိန်းတစ်ရာ = (၆) ဆု
(၄) ကျပ်သိန်းငါးဆယ် = (၆) ဆု
(၅) ကျပ်သိန်းနှစ်ဆယ် = (၇) ဆု
(၆) ကျပ်ဆယ်သိန်း = (၁၁) ဆု
(၇) ကျပ်ငါးသိန်း = (၄၂) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
(၁) ကျပ် သုံးသိန်း = (၂၀၀) ဆု
(၂) ကျပ် နှစ်သိန်း = (၂၂၀၀) ဆု
(၃) ကျပ် တစ်သိန်း = (၂၂၀၀၀) ဆု
(၄) ကျပ် ငါးသောင်း = (၂၄၀၀၀၀) ဆု
စုစုပေါင်း = (၂၆၄၄၉၅) ဆု
၄။ (၁) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁-၃-၂၀၁၉) ရက်နေ့ (သောကြာနေ့)၊ နံနက် (၈) နာရီ အချိန်တွင် အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အောင်ဘာလေသိန်းဆုဌာနခွဲ