(၂၁) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊  အောက်တိုဘာ လ ၂၇  ရက်)

၁။   ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဇ”ထိ စုစုပေါင်းအက္ခရာ (၄၁) လုံး၊ ထီစာအုပ် ( ၃၃၅၄၅၃၈) အုပ် ရောင်းချခဲ့ပါ သည်။ ထိုသို့ရောင်းချခဲ့ရာတွင် ထီစာအုပ် (၂၇၈၇၃၆၉) အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ် ( ၅၆၇၁၆၉ ) အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့ပါသည်။

၂။   ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ( ၂၇၈၇၃.၆၉၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ( ၁၆၇၂၄.၂၁၄) ဖြစ်ပါသည်။

၃။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်
  (၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
  (၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
  (၃) ကျပ်သိန်းငါးထောင် = (၂) ဆု
  (၄) ကျပ်သိန်းနှစ်ထောင် = (၃) ဆု
  (၅) ကျပ်သိန်းတစ်ထောင် = (၄) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
  (၁) ကျပ်သိန်းငါးရာ = (၁၉) ဆု
  (၂) ကျပ်သိန်းနှစ်ရာ = (၂၀) ဆု
  (၃) ကျပ်သိန်းတစ်ရာ = (၂၂) ဆု
  (၄) ကျပ်သိန်းငါးဆယ် = (၂၅) ဆု
  (၅) ကျပ်သိန်းနှစ်ဆယ် = (၂၇) ဆု
  (၆) ကျပ်ဆယ်သိန်း = (၃၀) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
  (၁) ကျပ် သုံးသိန်း = (၁၅၀) ဆု
  (၂) ကျပ် နှစ်သိန်း = (၁၅၀၀) ဆု
  (၃) ကျပ် တစ်သိန်း = (၁၆၀၀၀) ဆု
  (၄) ကျပ် ငါးသောင်း = (၁၇၀၀၀၀) ဆု

၄။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၅။   (၂၁) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၁၁.၂၀၂၀)ရက်နေ့(တနင်္ဂနွေနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။