(၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန် လ ၃၀ ရက်)
၁။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၈) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည”ထိ စုစုပေါင်းအက္ခရာ (၁၀)လုံးတွင် ထီစာအုပ်(၂၀၄,၄၄၃) အုပ် ရောင်းချခဲ့ပါသည်။
၂။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၂၀၄၄.၄၃၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၂၂၆.၆၅၈) ဖြစ်ပါသည်။
၃။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) | အထူးဆုကြီးစနစ် | |||
(၁) | ကျပ်သိန်းငါးထောင် | = | (၁) ဆု | |
(၂) | ကျပ်သိန်းတစ်ထောင် | = | (၁) ဆု | |
(ခ) | ဆုတစ်ဆုချင်းစနစ် | |||
(၁) | ကျပ်သိန်းငါးရာ | = | (၄) ဆု | |
(၂) | ကျပ်သိန်းနှစ်ရာ | = | (၄) ဆု | |
(၃) | ကျပ်သိန်းတစ်ရာ | = | (၅) ဆု | |
(၄) | ကျပ်သိန်းငါးဆယ် | = | (၇) ဆု | |
(၅) | ကျပ်သိန်းနှစ်ဆယ် | = | (၁၀) ဆု | |
(၆) | ကျပ်ဆယ်သိန်း | = | (၁၂) ဆု | |
(ဂ) | ဝေဝေဆာဆာပဒေသာဆုမဲစနစ် | |||
(၁) | ကျပ် သုံးသိန်း | = | (၃၀) ဆု | |
(၂) | ကျပ် နှစ်သိန်း | = | (၁၀၀) ဆု | |
(၃) | ကျပ် တစ်သိန်း | = | (၂၀၀၀) ဆု |
၄။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ (၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၇.၂၀၂၁) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲ ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
PDF Upload
Attachment | Size |
---|---|
(၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက် | 136.3 KB |