အခွန်ရငွေဆိုင်ရာ ကာလလတ်မဟာဗျူဟာ (Medium-Term Revenue Strategy) မစ်ရှင်အဖွဲ့နှင့်တွေ့ဆုံခြင်း

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၃၁-၁၀-၂၀၁၈ ရက်နေ့တွင် အခွန်ရငွေဆိုင်ရာကာလလတ် မဟာဗျူဟာကိစ္စရပ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ Senior Economist ဖြစ်သူ Ms.Margaret Cotton ဦးဆောင်သော အခွန်ရငွေဆိုင်ရာ ကာလလတ်မဟာဗျူဟာ (Medium-Term Revenue Strategy) မစ်ရှင်အဖွဲ့နှင့်   အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။