အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဒီဇင်ဘာလ ၂၉

နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၉-၁၂-၂၀၂၃ ရက်နေ့ မနက် (၉:၃၀) နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၅၆) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့် မူဝါဒရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(နည်းပညာ)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှစီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ် များတက်ရောက်ခဲ့ကြပါသည်။